Service Warranty Aggrement
မှန်ဖလင်အတွက်သတိပြုရန်အချက်အလက်များ
- မှန်ဖလင်ကပ်ပီးရက်မှ (၅) ရက်အတွင်း မှန်အတင်အချ မပြုလုပ်ရန်နှင့် ရှေ့မှန်ကြီးအား အဲကွန်းလေမပို့ရန် ရှောင်ရပါမည်။
- မှန်ဖလင်ကပ်ပီး ရေဖုလေးများ/ရေငွေများကျန်နေနိုင်ပီး ရက်အနည်းငယ်အတွင်းပျောက်ကွယ်သွားမည်ဖြစ်ပါသည်။
- ကားမှန်ဖလင်သည်ကပ်ပီးရက်မှ အပြည့်အဝတွဲကပ်ရန် ရာသီဥတုအခြေအနေ၊ ဖလင်အမျိုးအစား၊ အဲကွန်းအသုံးပြုပုံ စသည်တို့ပေါ်မူတည်ပြီး အများဆုံး ရက်ပေါင်း (၆၀) ထိကြာတတ်ပါသည်။
မှန်ဖလင်အတွက်အာမခံနှင့်သက်ဆိုင်သောအချက်များ
- မှန်ဖလင်အတွက် အာမခံမှာ အရောင်မလွင့်သွားခြင်း၊ ပူပေါင်းမထခြင်း၊ တွန့်ခေါက်ရာများမဖြစ်ခြင်းတို့ဖြစ်သည်။
- တပ်ဆင်ရေးပိုင်းတွင် ဖုန်မှုန်အနည်းငယ်ပါနိုင်သည်ဖြစ်ပီး အဆိုပါအချက်သည် မှန်ဖလင်၏လုပ်ဆောင်ချက်များအား မည်သို့မျှအနှောက်အယှက်မဖြစ်သောကြောင့် မှန်တချပ်ခြင်းအလိုက် ဖုန်မှုန်ပါဝင်မှုအတိုင်းအတာသည် (၃) လက္မပတ်လည်အတွင်းရှိပါက အာမခံမှုနှင့်သက်ဆိုင်မှုမရှိပါ။
- သုံးစွဲသူ၏အသုံးပြုပုံနှင့်ပတ်ဝန်းကျင်ရာသီဥတုအခြေအနေများပေါ်မူတည်ပြီး မှန်ဖလင်၏ကနဦးအရည်အသွေးများပြောင်းလဲမှုဖြစ်နိုင်ပြီး အာမခံပေးထားသော (၃) နှစ်အတွင်းမူလအချက်အလက်များမှ (၃၀%) ထက်ပိုမိုလျော့ကျသွားလျင် အာမခံအကျုံးဝင်မည်ဖြစ်ပါသည်။
ဘော်ဒီဖလင်အတွက်သတိပြုရန်အချက်အလက်များ
- ဘော်ဒီဖလင်ကပ်ပြီး (၇) ရက်အတွင်းကားရေဆေးခြင်းမပြုလုပ်ရန်။
- ရေခိုးရေငွေများနှင့် ရေပူပေါင်းလေးများကျန်နိုင်ပြီး ရက်အနည်းငယ်အတွင်းပျောက်ကွယ်သွားမည်ဖြစ်ပါသည်။
- ဘော်ဒီဖလင်ကပ်ပီး (၁၀) ရက်မြောက်နေ့တွင် ပြန်လည်စစ်ဆေးရန်လာရောက်ပီးလိုအပ်ချက်များရှိလျင်ပြုလုပ်ပါရန်။
ဘော်ဒီဖလင်အတွက်အာမခံနှင့်သက်ဆိုင်သောအချက်များ
- ဘော်ဒီဖလင်အတွက်အာမခံမှာ ပူပေါင်းမထခြင်း၊ အက်ကွဲကြောင်းများမဖြစ်ပေါ်ခြင်း၊ အလွာများမကွာကျခြင်းတို့ဖြစ်သည်။
- အာမခံတွင် ကား၏အော်ရီဂျင်နယ်ဆေးသားရှိနေသောအစိတ်အပိုင်းများတွင်ဖလင်တပ်ဆင်ထားခြင်းအတွက်သာဖြစ်ပီး ကား၏ဆေးသားကို အာမခံပေးခြင်းလုံးဝ (လုံးဝ) မဟုတ်ပါ။
- သုံးစွဲသူအသုံးပြုပုံနှင့်ထိမ်းသိမ်းစောင့်ရှောက်မှုအားနည်းချက်များကြောင့်ဖြစ်နိုင်သောကိစ္စရပ်များသည် အာမခံနှင့်အကြုံးဝင်မှုမရှိပါ။
အာမခံမှုနှင့်သက်ဆိုင်သောအထွေထွေအချက်အလက်များ
- အာမခံချက်တွင် Raymax Film Products များ၏အားနည်းချက်ကြောင့်ဖြစ်သောကိစ္စများအတွက် Raymax Film မှတာဝန်ယူမည်ဖြစ်ပြီးတပ်ဆင်ရေးပိုင်းအားနည်းချက်များကြောင့်ဖြစ်သောကိစ္စများအတွက် သက်ဆိုင်ရာအရောင်းဆိုင်မှတာဝန်ယူဖြေရှင်းပေးမည်ဖြစ်ပါသည်။
- Online Warranty System ဖြစ်သောကြောင့် အာမခံရရှိရန်အတွက်ဘောက်ချာသိမ်းထားရန် (မဖြစ်မနေ) မလိုအပ်ပါ။
- အာမခံအချက်များတွင် ပစ္စည်းတန်ဖိုးအတွက်သာ (ပစ္စည်းအသစ်လဲလှယ်ပေးခြင်း) ဖြစ်ပီးလုပ်အားခများအတွက်မပါဝင်ပါ။
- မှန်ဖလင်/ဘော်ဒီဖလင်များအား လေလုံခန်းတွင်ဖုန်မှုန်များမပါအောင်အကောင်းဆုံးကြိုးစားကပ်သည်ဖြစ်ပါသော်လည်း ရှောင်လွဲမရနိုင်သော ဖုန်မှုန်အနည်းငယ်ပါနိုင်သည်ကိုကြိုတင်အသိပေးအပ်သည်။
- သန့်ရှင်းရေးပြုလုပ်ရာတွင် သန့်စင်သောကားမှန်သုတ်အဝတ်စကိုအသုံးပြု၍အရည်သွေးကောင်းမွန်သော မှန်သန့်စင်ဆေးရည်/ဘော်ဒီသန့်စင်ဆေးရည်များကိုသာအသုံးပြု၍ သန့်ရှင်းရေးပြုလုပ်ပါရန် လေးစားစွာကြိုတင်အသိပေးအပ်ပါသည်။